Sunday, May 20, 2007

လူတော်လူကောင်း

“လူတော်”ဆိုတာအသိပညာ၊အတတ် ပညာ တွေကိုကျွမ်းကျင်စွာတတ်မြောက်သူကိုခေါ်တယ်။
“လူကောင်း” ဆိုတာကတော့အကျင့်၊သီလကောင်းပြီးမကောင်းမှုတွေကိုမလုပ်တဲ့သူပေါ့။
လူဘ၀ဆိုတာခဏလေးပါပဲ၊အချိန်တိုတိုလေးအတွင်းမှာပဲ“လူတော်လူကောင်း”
လေးတွေဖြစ်အောင်ကြိုးစားကြမယ်။
ကြိုးစားခြင်စိတ်ရှိဖို့ပဲလိုတာပေါ့နော်။

“၀” ၀လုံးလေးဝိုင်းဝိုင်းရေး

စာရေးခြင်း၊စာဖတ်ခြင်းရဲ.အစပထမကတော့“၀” ၀လုံးလေးဝိုင်းဝိုင်းေ၇းကစခဲ့ကြတယ်လေ။
ဝလုံးရေးတတ်ခဲ့လို့ပဲအခုအချိန်မှာနိုင်ငံတကာကအသိပညာ၊အတတ်ပညာ၊ယဉ်ကျေးမှုစသဖြင့်ပေါ့လေ လေ့လာနိုင်ခဲ့ကြပြီပေါ.။သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေရဲ့ကျေးဇူးတရားတွေပေါ့၊ ဒီကျေးဇူးတွေကိုရင်ခုံသံမရပ်သေးတေ၇ွ့ရင်ထဲမှာသိမ်းထားကြစို.နော်။ ""

Thursday, May 17, 2007

ကြိုက်နှစ်သက်ဆုံးအလုပ်

ကြိုက်နှစ်သက်ဆုံးအလုပ်ကတော့စာဖတ်ခြင်းအလုပ်ပေါ့။
ဝါသနာလို့မပြောပဲအလုပ်လို့ပြောရတာကတော့အကြောင်းရှိတယ်လေ။
စာဖတ်တာကိုအပြင်းပြေသဘောမျိုးမဟုတ်ပဲအလေးအနက်ထားပြီးစွဲစွဲ
မြဲမြဲအလုပ်တစ်ခုလိုအလေးအနက်ထားပြီးလုပ်တယ်လေ။
အလေးအနက်ထားပြီးဖတ်ထားမှတ်ထားတွေကိုမျှဝေခံစားစေခြင်လို့
အခု Blog လေးကိုတင်ထားခြင်းဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေကိုလည်းစာဖတ်တဲ့ဝါသနာကိုစွဲမြဲစေချင်တယ်လေ။
ဝါသနာအဆင့်ကနေတဆင့်တက်ပြီးအလုပ်တစ်ခုလိုလုပ်စေချင်တာတို့ရဲ့စေတနာမေတ္တာပါ။
ကိုယ်ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေကိုအကျိုးရှိစွာအသုံးပြုစေချင်တယ်လေ။
စာအုပ်စာပေလူမိတ်ဆွေဆိုစကားလိုစာအုပ်ကောင်းတစ်အုပ်ကိုဖတ်ရတဲ့အခါ
မိတ်ဆွေကောင်းတစ်ယောက်ရသလိုပါပဲ။
ကိုယ်ရတဲ့မိတ်ဆွေကောင်းလေးတွေကိုတဆင့်ပြန်ပြီး Blog ထဲကမိတ်ဆွေတွေကိုပြန်ပြီးမိတ်ဆက်ပေးချင်တယ်လေ။